အမျိုးသမီးများနဲ့ ဓမ္မတာ
- Health Wiki
- Dec 9, 2020
- 1 min read
ဓမ္မတာဆိုတာဘာလဲ။
ဓမ္မတာလာတယ်ဆိုတာကတော့ မိန်းကလေးတွေရဲ့ သားအိမ်အတွင်းကနေ မိန်းမကိုယ်တစ်လျှောက် သွေးဆင်းတာကို ခေါ်တာဖြစ်ပါတယ်။ အဲ့လို သွေးဆင်းပြီဆိုတော့ အပျိုဖော်၀င်ပြီးပဲပေါ့။
အဲ့တော့ ဓမ္မတာ ဘယ်အချိန်စလာလဲ?
အမျိုးသမီးအများစုကတော့ အသက် ၁၂ နှစ်အရွယ်မှာ ရာသီစလာလေ့ရှိပါတယ်။ အသက် ၁၀ နှစ် ၁၅ နှစ်ကျမှ ရာသီလာလို့ နောက်ကျတယ်ဆိုပြီး မစိုးရိမ်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက်က စလာတဲ့အချိန်မတူနိုင်ဘူးလေ။
အမျိုးသမီးတစ်ယောက် အသက်ဘယ်လောက်မှာရာသီစလာရမယ်ဆိုတာလည်း သတ်မှတ်ထားတာမရှိပါဘူး။ ဒါပေမယ့် ရာသီစလာတော့မလားဆိုတာ သိနိုင်တဲ့ အချက်လေးတွေတော့ရှိတယ်။ ပြောပြမယ်နော်။
ရာသီမလာခင် ၂နှစ်အလိုမှာ အမျိုးသမီးတွေရဲ့ ရင်သားဖွံ့ဖြိုးလာပါတယ်။ ဒါကတော့ ရာသီစလာတော့မယ်ဆိုတာကို အသိပေးတဲ့ ပထမဆုံးသကေ်တလေးနော်။
နောက်သကေ်တလေးကတော့ မိန်းမကိုယ်ကနေပြီး အချွဲ (သို့မဟုတ်) အရည်ဆင်းတာပါ။ ရာသီမလာခင် တစ်နှစ်လောက်ကြိုပြီး ရှေ့ပြေးအနေနဲ့ သူကအရင်ဆင်းတတ်ပါတယ်နော်။

ရာသီဘာကြောင့်လာတာလဲ?
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ရာသီလာတာပါ။
အမျိုးသမီးတွေရဲ့ သားဥအိမ်ကနေ အမျိုးသမီးဟော်မုန်းဖြစ်တဲ့ oestrogen နဲ့ progesterone တွေကို ထုတ်ပေးပါတယ်။ အဲ့ ဟော်မုန်းတွေကပဲ သားအိမ်နံရံကို ထူစေပါတယ်။ သားအိမ်နံရံကို ထူစေတဲ့အကြောင်းကတော့ အမျိုးသားရဲ့ သုတ်ပိုးနဲ့ အမျိုးသမီးရဲ့ သားဥလေးနဲ့တွေ့ပြီး သန္ဓေအောင်တဲ့အခါ သန္ဓေသားလောင်းဥကလေး သားအိမ်နံရံမှာတွယ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီလို သန္ဓေမအောင်တဲ့အခါကျတော့ သန္ဓေသားလောင်းဥကလေးအတွက် ပြင်ဆင်ထားတဲ့ သားအိမ်နံရံလေးဟာ ကွာကျရပါတော့တယ်။ အဲ့လိုကနေ ရာသီသွေးဆိုတာဖြစ်ပေါ်လာပါတယ်။ ဒီလိုလုပ်ငန်းစဥ◌်တစ်ခုလုံးဟာ လတိုင်းလတိုင်းဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ တစ်လတစ်ခါ ရာသီလာနေကြတာပဲဖြစ်ပါတယ်။

ရာသီလာခြင်းနဲ့ မျိုးဥကြွေခြင်း ဘယ်လိုဆက်စပ်နေသလဲ?
မျိုးဥကြွေခြင်း ဆိုတာဟာ မျိုးဥအိမ်လေးကနေ မျိုးဥလေးကြွေကျလာတာကိုပြောတာပဲဖြစ်ပါတယ်။ သားအိမ်နံရံကို ထူစေတဲ့ ဟော်မုန်းကပဲ မျိုးဥကြွေခြင်းကို ဖြစ်စေတာပါ။ ကြွေလာတဲ့ မျိုးဥလေးဟာ မျိုးဥပြွန်တစ်လျှောက်ရွေ့လျားလာပြီး သားအိမ်ထဲကိုရောက်လာပါတော့တယ်။
မမျိုးဥလေးဟာ ဖိုမျိုးဥနဲ့ သန္ဓေအောင်သွားပြီးတဲ့အခါ သန္ဓေသားလောင်းဥလေးဖြစ်လာပြီး သားအိမ်နံရံမှာတွယ်ပါတယ်။ အဲ့ကနေတဖြေးဖြေးနဲ့ သန္ဓေသားလေးဖြစ်လို့လာပါတယ်။ အကယ်၍ မျိုးဥတွေ သန္ဓေအောင်ခြင်းမရှိရင်တော့ သားအိမ်အတွင်းနံရံလေးဟာ ပျက်စီးပြီး ရာသီသွေးအဖြစ် ပြောင်းလဲသွားပါတော့တယ်။
ရာသီစလာတဲ့အချိန်မှာ ရာသီက ပုံမှန်လာတတ်သလား?
ရာသီစစလာချင်း အစပိုင်းနှစ်တွေမှာတော့ ပုံမှန်မလာဘဲဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပထမဆုံးရာသီလာပြီး ၂ နှစ် ၃နှစ်အကြာမှာတော့ ၄ ပတ်တစ်ခါ ၅ပတ်တစ်ခါ ရာသီပုံမှန်လာရပါမယ်။
အမျိုးသမီးတစ်ယောက်ဟာ ရာသီစလာပြီဆိုတာနဲ့ ကိုယ်၀်နဆောင်နိုင်သလား?
ဟုတ်ပါတယ် အမျိုးသမီးတစ်ယောက်ဟာ ရာသီစတင်လာပြီဆိုတာနဲ့ ကိုယ်၀စဆောင်နိုင်ပါပြီ။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲက မိန်းမဟော်မုန်းတွေ စတင်သက်၀်ငလှုပ်ရှားလာပြီဆိုတာနဲ့ မျိုးဥကြွေခြင်း၊ သားအိမ်နံရံထူလာခြင်းတို့ ဖြစ်ပေါ်တာကြောင့် ရာသီသွေးစတင်မဆင်းခင် အမျိုးသားနဲ့ နေထိုင်မိလျှင်ပင် ကိုယ်၀်နရနိုင်ပါတယ်။
ရာသီတစ်ခါလာရင် ဘယ်လောက်ကြာတတ်လဲ?
ပုံမှန်အားဖြင့် ရာသီတစ်ခါလာရင် ငါးရက်ကြာတတ်ပါတယ်။ ၅ရက်ထက် ရှည်နိုင်သလို ၅ရက်အောက်လည်း တိုနိုင်ပါတယ်။
ရာသီက ဘယ်လောက်တစ်ခါ လာတတ်သလဲ?
ပုံမှန်အားဖြင့် ရာသီက ၄ ပတ်ကနေ ၅ ပတ်ခြားတစ်ခါ လာတတ်ပါတယ်။ တစ်ချို့သောအမျိုးသမီးတွေမှာတော့ ၂ ပတ်တစ်ခါ ၃ ပတ်တစ်ခါ အထိ စိတ်တတ်သလို ၁ လခွဲမှတစ်ကြိမ် ၂ လမှတစ်ကြိမ်ထိလည်း ခြားတတ်ကြပါတယ်။
ရာသီတစ်ခါလာရင် ပမာဏဘယ်လောက်လောက်ဆင်းတတ်သလဲ?
အမျိုးသမီးတစ်ယောက် ရာသီလာတဲ့အခါမှာ တစ်နေ့ကို pad ၃ ကြိမ်ကနေ ၆ ကြိမ်အထိ လဲရတတ်ပါတယ်။ အတိအကျပြောရရင်တော့ ရာသီစဉ်တစ်လျှောက်လုံးမှာ ဆုံးရှုံးတဲ့ရာသီသွေး ပမာဏက ၈၀ မီလီလီတာအောက် သို့မဟုတ် ရာသီလာတဲ့အချိန်ကာလ ၇ ရက်အောက်ဆိုရင်တော့ ပုံမှန်ပဲဖြစ်ပါတယ်။
ရာသီက အမြဲလာနေမှာလား?
အမျိုးသမီးတွေ သွေးဆုံးတဲ့အရွယ်ရောက်တဲ့အခါ(၄၅နှစ်- ၅၅ နှစ် ဝန်းကျင်) နဲ့ ကိုယ်ဝန်ဆောင်တဲ့ အခါမှာတော့ ရာသီလာမှာမဟုတ်ပါဘူး။
ရာသီမလာခင် ဘယ်လိုမျိုးတွေဖြစ်တတ်လဲ?
PMS (Premenstrual syndrome) လို့ခေါ်တဲ့ ရာသီမလာခင် အမျိုးသမီးတွေခံစားရတဲ့ လက္ခဏာလေးတွေရှိပါတယ်။ အဆိုပါ လက္ခဏာတွေကတော့ စိတ်ခံစားမှုလွယ်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ စိတ်ပူပန်ခြင်း၊ ကိုယ်ခန္ဓာဖောခြင်းနဲ့ ဝက်ခြံပေါက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ရာသီစလာပြီး ရက်အနည်းငယ်မှာ အဆိုပါ လက္ခဏာတွေပျောက်သွားတတ်ပါတယ်။
ရာသီလာရင် ဗိုက်အောင့်တတ်တာကို ဘယ်လိုလုပ်ရမလဲ?

အမျိုးသမီးအများစုက ရာသီလာတဲ့အခါမှာ ဗိုက်အောင့်တတ်ပါတယ်။ ဗိုက်အောင့်တာ သက်သာအောင် အောက်ပါနည်းလမ်းတွေကို စမ်းကြည့်နို်ငပါတယ်။
ဗိုက်ကို ရေနွေးအိတ်ကပ်ခြင်း
Ibuprofen သို့မဟုတ် naproxen
Mefenamic Acid ပါ၀င်တဲ့ဆေးများ (ဥပမာ Dofenal) ကို ဝယ်ယူသောက်သုံးနိုင်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ ဆရာဝန်ပြသင့်သလဲ?

အသက် ၁၅ နှစ်ပြည့်ပြီးသော်လည်း ရာသီမလာသေးခြင်း
၄ပတ်ခြား ၅ပတ်ခြား ရာသီ ပုံမှန်မလာသည်မှာ ၂နှစ်ကျော်ခြင်း
ရာသီတစ်လနဲ့ တစ်လကြား ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
အထက်မှာညွှန်းထားတဲ့ဆေးတွေသောက်သုံးသော်လည်း ရာသီလာတဲ့အချိန် ဗိုက်အောင့်တာမသက်သာခြင်း
ရာသီသွေးအဆင်းများခြင်း (ဥပမာ တစ်နာရီကို pad တစ်ခါလဲနေရခြင်း)
ရာသီတစ်ခါလာလျှင် တစ်ပတ်နှင့်အထက်ကြာခြင်း
သင့် တစ်နေ့တာလုပ်ငန်းများ မလုပ်နိုင်လောက်အောင် ရာသီလာစဉ်ဖြစ်တဲ့ လက္ခဏာများ ဆိုးရွားစွာခံစားနေရခြင်း
စတဲ့အခြေအနေတွေ ခံစားနေရတယ်ဆိုရင် နီးစပ်ရာဆရာဝန်မှာ သွားရောက်ပြသသင့်ပါတယ်နော်။
ဖတ်ရှုသူအပေါင်း ကျန်းမာချမ်းသာတဲ့ဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။
EMERALD LIN
Comments