top of page
Search

Keto Diet နဲ့ COVID 19

  • Writer: Health Wiki
    Health Wiki
  • Dec 7, 2020
  • 2 min read

အ၀လွန်ရောဂါ၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါအခံ ရှိနေပါက COVID 19 ရောဂါခံစားရတဲ့အခါ ဆိုးရွားတဲ့ရလဒ်တွေဖြစ်လာတယ်ဆိုတဲ့ သက်သေအမြောက်အများရှိပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်ရာမှာ အခြေခံပထမအဆင့်ကတော့ အဆိုပါ ရောဂါတွေဖြစ်ပွားခြင်းကို လျှော့ချခြင်းပဲဖြစ်ပါတယ်။ Traditional Medicine ဂျာနယ်မှာရေးသားထုတ်ဝေထားတဲ့ လေ့လာမှုအသစ်အရဆိုရင် keto diet ဟာ ဒီနေရာမှာ အရေးပါတဲ့အခန်းက ပါဝင်လို့လာပါတယ်။ အဆီကျခြင်း၊ ယောင်ရမ်းမှုလျှော့ချခြင်း၊ ခုခံအားစနစ်ပြောင်းလဲခြင်းနဲ့ နှလုံးရောဂါတိုးတက်ခြင်းတို့ကို စတဲ့အကျိုးတွေကို keto diet စားသုံးခြင့်ဖြင့်ရရှိပါတယ်။ ယခုကမ္ဘာကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စပ်ရောဂါပိုး ၂ (SARS CoV- 2) ဟာ Ebola, SARS, MERS စတဲ့ရောဂါပိုးတွေထက် တမူထူးခြားပြီး သေနှုန်း ၂.၃% ရှိပါတယ်။ ပိုးရဲ့ ပြန့်နှံ့နှုန်းဟာ အလွန်မြန်တာကြောင့် ကမ္ဘာနဲ့တဝှမ်းမှာ အိမ်ပြင်မထွက်စေဘဲ အိမ်ထဲမှာပဲ နေစေပါတယ်။ နေ့စဉ်နေ့တိုင်း ထောင်ပေါင်းများစွာသော ကူးစက်မှုများဖြစ်ပွားနေတာကြောင့် ဆေးရုံနဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ ကုသမှုလိုအပ်တဲ့ လူနာတွေနဲ့ အလျင်အမြန်ပဲ ပြည့်ကြပ်ကုန်ပါတယ်။ ကမ္ဘာနဲ့တစ်၀ှမ်း ကျန်းမာရေးစောင့်ရှောက်မှုများ မနိုင်မနင်းဖြစ်လာတဲ့အခါမှာ ရလဒ်အနေနဲ့ကတော့ လူနာအများစုဟာ ကုသမှုမရရှိကြဘဲ သေဆုံးကြရပါတယ်။ အီတလီမှာဆိုရင် ဝမ်းနည်းဖွယ်အကောင်းဆုံးအဖြစ်အပျက်ဖြစ်ပွားခဲ့ပါတာ တွေ့မြင်ကြရမှာပါ။

အဝလွန်ခြင်းနှင့်ကူးစက်ခံရနိုင်မှုအခြေအနေ

ရောဂါကူးစက်နှုန်းလျော့ကျစေဖို့အတွက် အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာနေစေခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှုများနည်းလာပြီး အဝလွန်ခြင်းနဲ့ နှလုံးရောဂါဖြစ်ခြင်းတို့ကိုတစ်ဖန် ဆိုးရွားစေနိုင်ပြန်ပါတယ်။ အဝလွန်ခြင်းကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း၊ အဆီများ စုပုံလာခြင်း၊ အသေးစားယောင်ရမ်းမှုများဖြစ်ပေါ်ခြင်းတို့ကို ဖြစ်စေပါတယ်။ ထိုသူများရဲ့ ဇီဝကမ္မဖြစ်စဉ်များ လျော့ကျကုန်ပါတော့တယ်။ Sarcopenic obesity ဆိုတာဟာ ကြွက်သားထုလျော့နည်းလာပြီး အဆီထု မြင့်တက်လာတဲ့အခြေနေကိုခေါ်ပါတယ်။ ထိုအခြေအနေတွင် အာဟာရချို့တဲ့ခြင်း၊ ဗိုင်းရပ်စ်ပိုးများအား ခုခံနိုင်အား လျော့နည်းလာခြင်း၊ ဇီဝကမ္မဖြစ်စဉ်များနဲ့ ယောင်ရမ်းခြင်းဖြစ်စဉ်များ ကမောက်ကမဖြစ်ခြင်းတို့ ဖြစ်စေပါတယ်။ သာမန်အဝလွန်သူများထက်စာလျှင် ထိုကဲ့သို့ အခြေအနေများက COVID 19 ရောဂါကူးစက်ခံရတဲ့အခါ အသက်အန္တရာယ် ရှိတဲ့အခြေနေကို ပိုကြုံရပါတယ်။ ဒုတိယအချက်အနေနဲ့ အဝလွန်ခြင်းက အသက်အရွယ်ငယ်တဲ့သူများကိုပင် COVID 19 ရောဂါ ကူးစက်နိုင်ချေမြင့်တဲ့အုပ်စုထဲ ပါဝင်စေပါတယ်။ အစားအသောက်နဲ့ ရောဂါကူးစက်နိုင်မှု

အစားအသောက် စနစ်တကျစားသောက်ခြင်းဟာ ရောဂါကူးစက်နိုင်ချေလျော့နည်းအောင် ပြုလုပ်တဲ့နေရာမှာ အရေးကြီးပါတယ်။ အထူးသဖြင့် အသင့်စား အစားအစာတွေစားသုံး​မှုလျှော့ချပြီး ဓာတ်တိုးပြောင်းလဲမှုလျှော့ချတဲ့ အစားအစာများ(Anti oxident foods) နဲ့ အယောင်ကျစေသောအစားအစာများကို ပြောင်းလဲစားသုံးပေးသင့်ပါတယ်။ ထိုကဲ့သို့ ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းက ဆီးချိုနဲ့ သွေးတိုးရောဂါထိန်းတဲ့နေရာမှာ အရေးပါတဲ့နေရာကနေပါဝင်ပါတယ်။ ဆီးချိုနှင့် COVID 19 ရောဂါကူးစက်နိုင်ခြင်း ဆီးချိုရောဂါရှင်များမှာ သွေးတွင်းသကြားဓာတ်များပြီး ခုခံအားစနစ်ကျတာကြောင့် H1N1 ရာသီတုပ်ကွေးကဲ့သိုသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ချေများပါတယ်။ တရုတ်လေ့လာပညာရှင်တွေရဲ့ H1N1 နဲ့ SARS ရောဂါလူနာတွေမှာလေ့လာတွေ့ရှိရတဲ့ အစောပိုင်းလေ့လာမှုတွေကဲ့သို COVID19 လူနာတွေမှာလည်း သွေးတွင်းသကြားဓာတ်မြင့်တက်မှုနဲ့ သေဆုံးမှုနှုန်းမြင့်တက်ခြင်း ဆက်စပ်နေကြာင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဆီးချိုရောဂါရှင်များမှာ သာမာန်လူတွေထက် သွေးတွင်းသ​ကြားဓာတ်မြင့်တာကြောင့် အဆုတ်ရဲ့ စွမ်းဆောင်ရည်လျော့နည်းပြီး၊ သွေးကြောနံရံများထူခြင်း၊ ပြင်းထန်အဆုတ်ယောင်ခြင်းများ ခံစားရပါတယ်။ သွေးတွင်းသကြားဓာတ်များခြင်းက ခုခံအားစနစ်နဲ့ ယောင်းရမ်းမှုဖြစ်စဉ်များအပေါ် သက်ရောက်မှုရှိတာကြောင့် ပြင်းထန်အဆုတ်ယောင် နမိုးနီးယားရောဂါကို ဖြစ်ပွားစေပါတယ်။ ထို့အပြင် ဗိုင်းရပ်စ်ပိုးရဲ့ သကြားဓာတ်ကိုလည်း မြှင့်တင်ပေးရာမှတစ်ဆင့် ရောဂါအလွယ်တကူ ကူးစက်ခံရခြင်းနှင့် ​‌ရောဂါပြင်းထန်ခြင်းတို့ကို ဖြစ်ပွားစေပါတယ်။




Keto diet ရဲ့ ကောင်းကျိုးများ


Keto diet ဆိုတာကတော့ ခန္ဓာကိုယ်ကို Carbohydrate အဓိကအသုံးပြုရာကနေ Ketone ကို အခြေခံတဲ့ အဆီများပြီး carbodydrate နည်းတဲ့ အစားအသောက်ပုံစံကို ပြောင်းလဲအသုံးပြုလိုက်တာပဲ ဖြစ်ပါတယ်။

အ၀လွန်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ကင်ဆာရောဂါတွေမှာ အခြေအနေ‌ပေါ်မူတည်ပြီး keto diet ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ နှလုံးရောဂါဖြစ်ပွားနိုင်ချေများတဲ့ အ၀လွန်တဲ့သူတစ်စုကို လေ့လာတဲ့အခါမှာ keto diet က တစ်နေ့ကို Carbohydrate ပမာဏ ၃၀ ဂရမ်သာ စားသုံးခိုင်းပြီး လုံလောက်တဲ့ အာဟာရကို ဖြစ်စေကာ အလွန်ပင် အကျိုးရှိကြောင်းကို တွေ့ရှိရပါတယ်။ နေ့စဥ◌် calorie ပမာဏကို ၈၀၀ kcal အောက်လျှော့ချလိုက်ပါတယ်။ ထိုသူတွေမှာဆိုရင် အဆီပမာဏ လျော့ကျပြီး ကြွက်သားပမာဏကို ထိန်းထားခြင်းဖြင့် ခန္ဓာကိုယ်မှ insulin ဓာတ်အားတုံ့ပြန်နိုင်စွမ်း၊ သွေးတွင်းသကြားဓာတ်ထိန်းနိုင်စွမ်း နဲ့ သွေးပေါင်ချိန်ထိန်းနိုင်စွမ်းတွေ ပြန်လည်ရရှိလာတာကို တွေ့ရပါတယ်။


ဇီ၀ကမ္မဖြစ်စဥ်ပြုပြင်ပြောင်းလဲခြင်း


Keto diet က အသည်းအဆီဖုံးရောဂါကို စတင်စသုံးမှုတစ်ပတ်အတွင်းမှာပင် အသည်းအတွင်းအဆီပမာဏလျှော့ချပေးခြင်း၊ insulin အား အသည်းမှတုန့်ပြန်မှု အားကောင်းစေခြင်းဖြင့် ကုသပေးပါတယ်။ နေ့စဥ◌်ပုံမှန်စားသုံးနေတဲ့ carbohydrate ပမာဏကို လျှော့ချလိုက်ခြင်းဖြင့် ကိုယ်အလေးချိန်ကျစေရုံမျှမက သွေးတွင်းသကြားဓာတ် ရုတ်တရတ်ထိုးတက်ခြင်းကို ကာကွယ်ပေးတဲ့အပြင်၊ အသည်းမှ insulin ဓာတ်အား ကောင်းစွာတုံ့ပြန်စေပြီး အသည်းတွင်း သကြားဓာတ်ထုတ်လုပ်မှုကို တားဆီးပေးတာကြောင့် Keto diet ကို ခဏတာစားသုံးပေးခြင်းဖြင့်ပင် အမျိုးအစား၂ ဆီးချိုရောဂါရှင်များတွင် သွေးတွင်းသကြားဓာတ်ကို ကောင်းစွာထိန်းသိမ်းပေးနိုင်တာကိုတွေ့ရပါတယ်။ အဆိုပါ အစားအသောက်ပုံစံကို စားသောက်မယ်ဆိုရင်တော့ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။


ကြွက်သားများနဲ့ ခုခံအားအပေါ်ရှိ အကျိုးသက်ရောက်မှုများ


Keto diet က သွေးတွင်းရှိ acetoacetate နဲ့ beta hydroxybutyrate ပမာဏအပါအ၀◌င် ketone ပမာဏကို မြင့်တက်စေပါတယ်။ ခွန်အားအတွက် လိုအပ်တဲ့လောင်စာကိုလည်း ပေးစွမ်းနိုင်တဲ့အပြင် ခန္ဓာကိုယ်ရှိ မျိုးရိုးဗီဇများ ဓာတ်တိုးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင်လည်း ကူညီပေးပါတယ်။ ကြွက်သားများ ဆုံးရှုံးခြင်းနဲ့ ယောင်ရမ်းခြင်းတို့ကို လျော့ကျစေတဲ့အပြင် ခုခံအားစနစ်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

Ketone ဆိုတဲ့ ပစ္စည်းလေးတွေက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ယောင်ရမ်းမှုဖြစ်စဥ◌်ကို တားနိုင်တာကြောင့် COVID 19 ရောဂါမှာ ဖြစ်တတ်တဲ့ ခုခံအားကြောင့်ထွက်လာတဲ့ Cytokine များ အမြောက်အများထွက်လာပြီး ယောင်ရမ်းမှုလွန်ကဲခြင်းဖြစ်စဥ◌်ကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွားလာနေတဲ့ Carbohydrate ကို အသုံးပြုတဲ့ ခုခံအားစနစ်ထဲက ဆဲလ်အချို့ကို Carbohydrate ထောက်ပံ့မှုကို လျှော့ချပြီး Free fatty acid ကို ပြောင်းလဲအသုံးပြုစေပါတယ်။


Keto diet က T cell bearing γδ receptors ကိုလည်း များစေပါတယ်။ အဆိုပါ T cell bearing γδ receptors တွေမှာ ခုံခံအားကောင်းစေခြင်းနဲ့ အယောင်ကျစေတဲ့ အာနိသင်များရှိပါတယ်။ အဆုတ်ကို ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်တဲ့နေရာမှာလည်း အ‌ရေးပါတဲ့နေရာမှာ ပါ၀်ငပါတယ်။ ဒါ့ကြောင့် Keto diet က ခုခံအားစနစ်က ဆဲလ်တွေကို SARS CoV 2 ရောဂါကာကွယ်နိုင်မှုကို အားကောင်းစေပါတယ်။


အချုပ်အားဖြင့် COVID 19 အပေါ် Keto diet က ဘယ်လို အကျိုးသက်ရောက်သလဲ


Keto diet က ဆီးကနေတစ်ဆင့် ဆားဓာတ်ကိုဆုံးရှုံးစေခြင်းဖြင့် သွေးတိုးကျစေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်လည်း အဆိုပါအကျိုးပိုမိုရရှိစေပါတယ်။ ဒါကြောင့် COVID 19 ရောဂါကူးစက်နိုင်ချေမြင့်တဲ့ အ၀လွန်တဲ့သူတွေမှာ တစ်ဥ◌ီးချင်းစီအတွက် သင့်တော်တဲ့ Keto diet စားသုံးခြင်းဖြင့် ကူးစက်နို်ငချေကို လျှော့ချပေးနိုင်ပါတယ်။ အ၀လွန်ပြီး COVID 19 ရောဂါပြင်းပြင်းထန်ထန် ခံစားရသူတွေကို နှိုင်းယှဥ◌် လေ့လာတဲ့အခါမှာ သာမန်ပုံမှန်စားအသောက် စားသုံးသူတွေက Keto diet စာသုံးသူတွေထက် ရောဂါပြင်းထန်စွာခံစားရကြောင်း လေ့လာတွေ့ရှိရပါတယ်။


Source: Paoli, A. et al. (2020). The dark side of the spoon - glucose, ketones and COVID-19: a possible role for ketogenic diet? Journal of Translational Medicine. https://doi.org/10.1186/s12967-020-02600-9, https://translational-medicine.biomedcentral.com/articles/10.1186/s12967-020-02600-9

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by HealthWiki. Proudly created with Wix.com

bottom of page