ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရင် ဘာတွေဖြစ်လာမလဲ
- Health Wiki
- Dec 7, 2020
- 1 min read
အခုဆိုလို့ရှိရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးပေါ်လာတော့မယ်ဆိုတော့ ကာကွယ်ဆေးအကြောင်းကို အများကစိတ်ဝင်စားလာကြပါတယ် ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့တူမှာလား။ ပိုပြီးေတာ့နာမှာလား။ သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေကကော ဘာတွေဖြစ်မလဲ ကာကွယ်ဆေးကို ထုတ်လုပ်ခွင့်ရမယ့် ရှေ့ပြေးကုမ္ပဏီတွေကတော့ Pfizer/BioNTech နဲ့ Moderna တို့ပဲဖြစ်ပါတယ် ။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုတော့ ခေတ်သစ် mRNA နည်းပညာနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ အဆိုပါနည်းပညာကို နှစ်ပေါင်းများစွာ အသုံးပြုပြီး သုတေသနပညာရှင်တွေက ရာသီတုပ်ကွေးရောဂါ၊ ခွေးရူးပြန်ရောဂါ၊ ဇီကာဗိုင်းရပ်စ်ရောဂါ နဲ့အချို့သော ကင်ဆာရောဂါတွေအတွက် လေ့လာခဲ့ပေမယ့် ယခုအချိန်ထိ အဆိုပါနည်းပညာကိုအသုံးပြုပြီး ကာကွယ်ဆေး မထုတ်ဖူးသေးပါဘူး အဆိုပါ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်က Spike protein နဲ့ ပုံစံတူတဲ့ အစိတ်အပိုင်းကို ထုတ်လုပ်ဖို့ ညွှန်ကြားပါတယ် ကျွန်တော်တို့ ခန္ဓာကိုယ်က အဆိုပါညွှန်ကြားချက်တွေကို ရရှိတဲ့အခါမှာ spike protein တွေကို စတင်ထုတ်ပါတော့တယ် ကျွန်တော်တို့ရဲ့ ခုခံအားစနစ်က အဆိုပါ Spike protein တွေကိုတွေ့တဲ့အခါ ပြင်ပ/ ရန်သူ့ပစ္စည်းလို့ သတ်မှတ်လိုက်ပြီး အဆိုပါပစ္စည်းအား တိုက်ထုတ်မယ့် ပဋိပစ္စည်းတွေ ထုတ်ပါတော့တယ် ဒါကြောင့်မို့ ကျွန်တော်တို့ကို တကယ့်ရောဂါပိုးကူးစက်တဲ့အခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ်က ပြန်လည်တိုက်ထုတ်ဖို့ အသင့်ဖြစ်နေပါပြီ ကာကွယ်ဆေးထိုးရမှာ နှစ်ခါထိုးဖို့ လိုအပ်ပါလိမ့်မယ် ပထမတစ်ခေါက်က ကျွန်တော်တို့ခန္ဓာကိုယ်ကို အသင့်ဖြစ်အောင် ပြင်ဆင်ခိုင်းပြီး ဒုတိယတစ်ခေါက်ကတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ရောဂါပိုးကိုတုန့်ပြန်မှု ပိုမိုကောင်းအောင် လုပ်ပေးပါတယ် Pfizer/ BioNTech နဲ့ Moderna ကုမ္ပဏီတို့မှ ကာကွယ်ဆေးများကို စမ်းသပ်ရာမှာ ၉၅% အကျိုးသက်ရောက်မှုရှိတာကို လေ့လာတွေ့ရှိပါတယ်

ကာကွယ်ဆေးထုတ်လုပ်ရာမှာ အဆိုပါ mRNA နည်းပညာဟာ အသစ်ဖြစ်နေတာကြောင့် မွေးခွန်းပေါင်းများစွာ သံသယပေါင်းများစွာလည်း ရှိနေကြပါတယ် Moderna ကုမ္ပဏီရဲ့ ကာကွယ်ေဆးစမ်းသပ်လေ့လာတဲ့ထဲမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက်ကတော့ "ကာကွယ်ဆေးထိုးခံရတာက ပန်းခြံထဲမှာ လမ်းလျှောက်သလိုတော့ သက်တောင့်သက်သာရှိတဲ့ကိစ္စမဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ ထပ်ပြီး ကာကွယ်ဆေးစမ်းသပ်ရေးမှာ ပါဝင်ဦးမှာပါပဲ" ကာကွယ်ဆေးစမ်းသပ်တဲ့အဖွဲ့တွေထဲမှာ ပါဝင်ခဲ့သူများရဲ့ ပြောပြချက်အရ ကိုရိုနာဗိုင်းရပ်စ်အတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးတာက ရာသီတုပ်ကွေးကာကွယ်ဆေးထိုးသလိုပါပဲ။ ဆေးထိုးတဲ့ နေရာမှာ အပ်နဲ့ထိုးခံရလို့ နာတာ၊ထိုးပြီးတဲ့ ညနေမှာထိုးတဲ့နေရာမှာ တောင့်တင်းပြီး နည်းနည်းနာတာကလွဲရင် တခြားဘာမှမဖြစ်ခဲ့ပါဘူးလို့ ပြောပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ထိုးတာက နည်းနည်းတော့ကွာပါတယ်။ ဒုတိအကြိမ် ကာကွယ်ဆေးထိုးတဲ့အချိန်မှာတော့ " ဆေးရုံမှာ ကာကွယ်ဆေးထိုးထိုးပြီးချိန်မှာတော့ အေးဆေးပါပဲ။ အဲ့ညနေမှာ ကျွန်တော် အဖျားငွေ့ငွေ့လေးရှိလာတယ်။ ချမ်းတုန်လာတယ်။ နုံးလာတယ်။" အဲ့လိုနဲ့ သူဟာနောက်နေ့မှာတော့ ဆရာဝန်တွေကို သူခံစားရတာတွေကို ပြောပြတဲ့အခါမှာတော့ လေ့လာသူတွေနဲ့ ဆရာဝန်က သူဒီလိုခံစားရတာတွေက ကျွန်တော်တို့ ခန္ဓာကိုယ်ကနေပြီး ကာကွယ်ဆေးကို ကောင်းကောင်းတုံ့ပြန်နေလို့ ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဥ◌်လို့ ရှင်းပြခဲ့ပါတယ်။ ဒီလိုတွေခံစားရတာကိုေ ကြာက်ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးတာကို မလုပ်ဘဲ မနေသင့်ကြောင်းကိုလည်း ရှင်းပြပါတယ်။
ကာကွယ်ဆေးထိုးသူရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းခန့်က ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနို်ငပါတယ်။ အများစုကတော့ မည့်သည့်ဘေးထွက်ဆိုးကျိုးမှ မခံစားရဘဲ ကာကွယ်ဆေးရဲ့အကျိုးကို ခံစားရမှာပါ။ ဘေးထွက်ဆိုးကျိုးရတာနဲ့ နှိုင်းစာရင် ကာကွယ်ဆေးထိုးလို့ ရောဂါကို ကာကွယ်နိုင်ချေက ၉၅ ရာခိုင်နှုန်းတာမို့ ထိုးကို ထိုးသင့်ပါတယ်။

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးချိန်မှာ ကာကွယ်ဆေးဟာ လူတွေအတွက် အသက်အန္တရာယ်မရှိဘဲ စိတ်ချစွာအသုံးပြုနိုင်တယ်ဆိုတာကို ဆေး၀◌ါးနှင့်အစားအသောက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကနေပြီး နှစ်လတိုင်တိုင် ကာကွယ်ဆေးထိုးထားတဲ့သူတွေကို စောင့်ကြည့်ပါတယ်။ ကာကွယ်ဆေးတစ်ခုရဲ့ ဘေးထွက်ဆိုးကျိုး ၉၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းက ထိုးပြီးနှစ်လအတွင်းမှာ ဘေးထွက်ဆိုးကျိုးတွေကို ပြတာကြောင့် နှစ်လစောင့်ကြည့်တာပါ။ အခုဆိုရင် Moderna နဲ့ Pfizer က ထုတ်လုပ်စမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေဟာ ဆိုရင် စောင့်ကြည့်ကာလ နှစ်လကျော်သည့်တိုင်အောင် ကောင်းမွန်တဲ့ ရလာဒ်တွေကိုပဲ ပြသနေပါတယ်။ ကာကွယ်ဆေးထိုးကနေ ဘေးထွက်ဆိုးကျိုးပေါ်လာနိုင်လားဆိုတာကို နှစ်ပေါင်းများစွာ ဆက်လက်စောင့်ကြည့်လေ့လာနေဥ◌ီးမှာပါ။
Source: CNN (What it feels like to get an mRNA coronavirus vaccine)
Comments